Euro 2016

ဟော်လန်ကို ၂ ပွဲ ဆက်ရှုံးတဲ့ စပိန်

Apr 01 , 2015

၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဟော်လန်ကို မမျှော်လင့်ပဲ ၅း၁ ဖြင့် ရှုံးခဲ့သော စပိန်မှာ ယမန်နေ့က ခြေစမ်းပွဲတွင်လည်း ၂းဝ ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။

ယူရို ၂၀၁၂ ချန်ပီယံ စပိန်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် အခြေအနေကောင်းနေသော်လည်း အခြား ခြေစမ်းပွဲများတွင် လွန်ခဲ့သော ဇွန်လနောက်ပိုင်းမှ စ၍ နိုင်ပွဲမရှိသေးပေ။

ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု C တွင် စပိန်မှာ ၅ ပွဲ ကစား ၁၂ မှတ်ဖြင့် အုပ်စုထိပ်နှင့် ၃ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသော်လည်း ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်တို့နှင့် ကစားခဲ့သော ခြေစမ်းပွဲများတွင် ၃ ပွဲလုံး ရှုံးထားသည့် အသင်းဖြစ်သည်။

စပိန်နည်းပြ ဒဲလ်ဘော့စကေးက ခြေစမ်းပွဲများတွင် ဂိုးမသွင်းနိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပင်နယ်တီ ဧရိယာထဲတွင် ကစားခွင့်နှင့် ဂိုးသွင်းခွင့်များရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here