Euro 2016

ဘာကလေကို ချီးကျူးတဲ့ ဟော့ဆန်

Apr 01 , 2015

အင်္ဂလန်နည်းပြ ဟော့ဆန်က အင်္ဂလန် ကွင်းလယ်ကစားသမား ဘာကလေ၏ ခြေစွမ်းကို ချီးကျူးလိုက်သည်။

ဘာကလေမှာ အီတလီနှင့် ၁ဂိုးစီ သရေကျသော ခြေစမ်းပွဲတွင် ပါဝင်ခဲ့ပြီး အဲဗာတန်ကစားသမား ဘာကလေမှာ ပွဲချိန် ၅၅ မိနစ်တွင် ၀ါးလ်ကော့အစား ၀င်ရောက်ကစားခွင့် ရခဲ့သူ ဖြစ်သည်။

အဆိုပါပွဲတွင် အီတလီမှ ဒဲလ်လီက ၂၉ မိနစ်တွင် အိမ်ရှင် အီတလီအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး အင်္ဂလန်ဘက်မှ မိနစ် ၇၀ တွင် ဒဲလ်ပ် အစား လူစားဝင်လာသည့် တောင်ဆန်က ၇၉ မိနစ်တွင် ချေပဂိုး သွင်းပေးခဲ့သည်။

နည်းပြ ဟော့ဆန်က ဘာကလေနှင့် တောင်ဆန်တို့ ၂ ဦးလုံးမှာ လူတော်များဖြစ်ကြောင်း၊ ၎င်းတို့ ၂ ယောက် ၀င်လာပြီးနောက်ပိုင်းတွင် အင်္ဂလန်ကစားပုံ ပိုကောင်းလာခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

အင်္ဂလန် အသင်းအနေနှင့် စက်တင်ဘာလတွင် ပြန်လည်စတင်မည့် ယူရို ၂၀၁၆ ခြေစစ်ပွဲများ မတိုင်မီ အိုင်ယာလန်နှင့် ခြေစမ်းရန် စီစဉ်ထားပြီး ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here