World CUp 2014 News

ချီလီနှင့်ပွဲ ဗန်ပါစီ မပါ

Jun 20 , 2014

သြစတြေးလျနှင့်ပွဲတွင် အ၀ါကဒ်ထပ်မံရရှိခဲ့၍ ဟော်လန်တိုက်စစ်မှူး ဗန်ပါစီမှာ ချီလီနှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့ မည် မဟုတ်ပေ။

စပိန်ကို နိုင်ခဲ့သော ပွဲတွင်လည်း အ၀ါကဒ် ရထားခဲ့၍ ဗန်ပါစီမှာ ၂ ပွဲဆက် အ၀ါကဒ်ပြစ်ဒဏ်ဖြင့် ချီလီနှင့်ပွဲတွင် ပွဲပယ်ခံခဲ့ ရခြင်းဖြစ်သည်။

သြစတြေးလျနှင့်ပွဲတွင် ဗန်ပါစီမှာ ပြိုင်ဘက်နောက်ခံလူ စပီရာနိုဗစ်အပေါ် အ၀င်ကြမ်းခဲ့သဖြင့် အ၀ါကဒ်ပြ သတိပေးခံခဲ့ရ သည်။

ဟော် လန်နှင့် ချီလီတို့မှာ ယမန်နေ့ညက နိုင်ပွဲကိုယ်စီရခဲ့ကြသဖြင့် ၂ သင်းလုံး နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့ပြီး လက်ရှိ ချန်ပီယံစပိန်နှင့် အာရှကိုယ်စားပြု သြစတြေးလျတို့မှာ တစ်ပွဲကျန်သေးသော်လည်း ပြိုင်ပွဲမှ ထွက်ရပြီ ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here