World CUp 2014 News

သင်ခန်းစာမယူတဲ့ ဟော့ဆန်

Jun 20 , 2014

အင်္ဂလန်နည်းပြ ဟော့ဆန်အနေနှင့် ကမ္ဘာ့ဖလားမှ ထွက်သွားရသော စပိန်ထံမှ မည်သည့်သင်ခန်းစာကိုမဆို ရယူရန်မလို ဟု ပြောဆိုလိုက် သည်။

 ဟော့ဆန်က ကျွန်တော် စပိန်ဆီက ဘယ်သင်ခန်းစာမှ ယူဖို့မလိုပါဘူး၊ ဘယ်ပြိုင်ပွဲမှာမဆို နိုင်အောင်မကစားတတ်တဲ့ အသင်းဟာ ထွက်ရမှာပါပဲ။

ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲက မထွက်ချင်တဲ့အတွက် နိုင်အောင်ကစားဖို့ပဲလိုပါတယ်၊ ဒါဟာ သင်ခန်းစာမဟုတ်ပါဘူး။

ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲစဉ် ၃ ခုရှိခဲ့တယ်၊ တစ်ခုမှာ ရှုံးခဲ့ပြီ၊ နောက်၂ ပွဲမှာ နိုင်ဖို့အားထုတ်ရမှာပါပဲ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။

ဥရုဂွေးနဲ့ပွဲဟာ စိတ်လှုပ်ရှားစရာကောင်းသလို တကယ်လည်း အရေးကြီးတဲ့ ပွဲပါ၊ ကျွန်တော်တို့ အနေနဲ့ ရှိသမျှ အားကိုသုံးပြီး ရုန်းကြရမှာပါ အမှန်ပါပဲ ဟု ပြောဆိုသွားခဲ့သည်။

အသင်းကပ္ပတိန် ဂျရတ်ကလည်း သူ့အနေနှင့် အသင်း၏ တိုက်စစ်ကစားပုံ ကို ကျေနပ်သဖြင့် ယနေ့ညပွဲတွင် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here