Europe News

အီရန်နည်းပြ နှုတ်ထွက်ပြီ

Apr 03 , 2015

အီရန်နည်းပြ ကားလို့စ် ကွီရော့ဇ်သည် ရာထူးမှ နှုတ်ထွက်သွားပြီဟု သိရသည်။

လွန်ခဲ့သော မတ်လ ၃၁ ရက်နေ့ ဆွီဒင်နှင့် အဝေးကွင်းပွဲ ခြေစမ်းရာတွင် ၃း၁ နှင့် ရှုံးခဲ့ပြီးနောက် ကွီရော့ဇ်မှာ ၄ နှစ်ကြာ ကိုင်တွယ်ခဲ့သော အီရန်အသင်းနှင့် လမ်းခွဲလိုက်ခြင်း ဖြစ်သည်။

ရီးရဲလ်နှင့် ပေါ်တူဂီ လက်ရွေးစင်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ဘူးသည့် ကွီရော့ဇ်မှာ အီရန်ကို ၂၀၁၄ ကမ္ဘာ့ဖလား ၀င်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယင်းဝင်ခွင့်ရခဲ့ပြီးနောက်၂၀၁၈ ကမ္ဘာ့ဖလား ကျင်းပမည့်အချိန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သေးသူ ဖြစ်သည်။

အီရန်မှာ ၂၀၁၄ ကမ္ဘာ့ဖလားတွင် အုပ်စုတွင်း၌ ၁ ပွဲ သရေ ၂ ပွဲ ရှုံးရလဒ်သာ ရရှိခဲ့ပြီး သြစတြေးလျတွင် ကျင်းပခဲ့သော ၂၀၁၅ အာရှဖလားပြိုင်ပွဲတွင် အုပ်စုပွဲ ၃ ပွဲလုံး နိုင်ခဲ့သော်လည်း နောက်တစ်ဆင့်တွင်မူ အီရတ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ကွီရော့ဇ်က သူ့အနေနှင့် အခြားစိန်ခေါ်မှုအသစ်များဖြင့် ခရီးဆက်ချင်သေးကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here