AFC Champion News

ယူ-၂၃ အုပ်စု B ယူအေအီးတွင် ကစားမည်

Apr 03 , 2015

၂၀၁၆ ကာတာ AFC ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲကစားရန် ကျန်ရှိနေသေးသော အုပ်စု B ပွဲစဉ်များကို ယူအေအီးတွင် ကျင်းပမည်ဖြစ်သည်။

ထိုအုပ်စုပွဲစဉ်များကို မူလက ပါကစ္စတန်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ မကျင်းပဖြစ်ပဲ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျစ်စတန်၊ ပါကစ္စတန်နှင့် တာ့ခ်မင် နစ္စတန်တို့ ပါဝင်သော အုပ်စု B ပွဲစဉ်များကို လာမည့် မေလ ၁၆ ရက်မှ ၂၄ ရက်အထိ အယ်လ်အိန်းမြို့တွင် ကျင်းပလိမ့်မည်ဖြစ်သည်။

၂၀၁၆ ဇန်န၀ါရီလ ကာတာတွင် ကျင်းပမည့် AFC ယူ-၂၃ ချန်ပီယံရှစ်ပွဲစဉ်အတွက် အုပ်စု ၁၀ တွင် အုပ်စု ၉ စုမှ အုပ်စုဗိုလ်နှင့် အုပ်စု ဒုတိယအသင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ယခုအုပ်စု B ပွဲစဉ်များပြီးဆုံးပါက အုပ်စုဗိုလ် ၁၀ သင်းနှင့် အကောင်းဆုံး ဒုတိယ ၅ သင်းတို့မှာ အိမ်ရှင်ကာတာနှင့်အတူ ထိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here