Bundesliga News

အကောင်းကိုမျှော်လင့်တဲ့ ကလော့ပ်

Apr 03 , 2015

ဒေါ့မွန်နည်းပြ ဂျာဂင် ကလော့ဂ်က စနေနေ့ ဘိုင်ယန်နှင့် ကစားရမည့်ပွဲတွင် ဘိုင်ယန်ဘက်၌ ဒဏ်ရာရကစားသမားများ ရှိနေသည့်အတွက် မိမိတို့အကောင်းဆုံး ရလဒ်မျိုး ရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

ဒေါ့မွန်အသင်းမှာ လွန်ခဲ့သောရာသီများက ဘိုင်ယန်နှင့် ဖလားရရေးပြိုင်ဘက်ဖြစ်ခဲ့သောလည်း ယခုရာသီတွင်မူ ဒေါ့မွန်မှာ ဘွန်ဒစ်လီဂါတွင် ရလဒ်များ မကောင်းခဲ့ပဲ ၂၆ ပွဲကစား ၃၃ မှတ်ဖြင့် အဆင့် ၁၀ တွင်သာ ရှိနေပြီး ဘိုင်ယန်နှင့် အမှတ် ၃၀ ကျော် ကွာဟနေခဲ့ပြီဖြစ်သည်။

သို့သော် ဒေါ့မွန်အနေနှင့် ယူရိုပါလိဂ် ၀င်ခွင့်ရမည့်နေရာနှင့် ၅ မှတ်သာ ကွာဟနေခြင်းကြောင့် ဆက်လက်ကြိုးစားရဦးမည်ဖြစ်ပြီး ရီဘာရီ၊ ရော်ဘင်၊ အလာဘာတို့ မပါနိုင်သည့် ဘိုင်ယန်အပေါ် အကောင်းဆုံး ရင်ဆိုင်သွားနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here