Bundesliga News

အကောင်းဆုံးကြိုးစားမယ့် ဂေါ့ဇီ

Apr 04 , 2015

ဘိုင်ယန်ကွင်းလယ်ကစားသမား ဂေါ့ဇီက အသင်းဟောင်း ဒေါ့မွန်နှင့် တွေ့ရမည့်ပွဲတွင် ဒဏ်ရာရကစားသမားများ ရှိနေခြင်းကြောင့် ပိုမို၍ ကြိုးစားသွားမည်ဟု ပြောဆို လိုက်သည်။

ဘိုင်ယန်အသင်းမှာ ဒေါ့မွန်နှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အားထားရသော ကစားသမားများဖြစ်သည့် ရီဘာရီ၊ ရော်ဘင်နှင့် အလာဘာတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

ဂေါ့ဇီမှာ ဒေါ့မွန်မှ ဘိုင်ယန်သို့ ၂၀၁၃ ခုနှစ်တွင် ပြောင်းရွေှ့လာခဲ့သူဖြစ်ပြီး ယခုပွဲနှင့်ပတ်သက်၍ မိမိတို့အနေနှင့် အကောင်းဆုံးဖြစ်ရန် ကြိုးစားပြင်ဆင်ထားကြောင်း၊ မိမိတို့အနေနှင့် မိုချင်ဂလက်ဘက်နှင့် ပွဲစဉ်သကဲ့သို့ အမှားမျိုးထပ်မဖြစ်ရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဘိုင်ယန်မှာ ပြီးခဲ့သော ဘွန်ဒစ်လီဂါ အိမ်ကွင်းပွဲစဉ်တွင် မိုချင်ဂလက်ဘက်ကို မမျှော်လင့်ပဲ ၀း၂ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော် အမှတ်ပေးဇယားတွင် အနီးဆုံးပြိုင်ဘက်ကို ၁၀ မှတ်ဖြတ်၍ ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here