Coppa Italia Cup News

တိုက်စစ်ဆင်မယ့် ဖီအိုရင်တီးနား

Apr 07 , 2015

ကိုပါအီတာလျံ ဆီမီးဒုတိယအကျော့အဖြစ် ဂျူဗင်တပ်နှင့် ရင်ဆိုင်ရမည့်ပွဲတွင် မိမိတို့သည် ခံစစ်အားပြုမည်မဟုတ်ပဲ တိုက်စစ်ဆင် ကစားသွားမည်ဟု ဖီအိုရင်တီးနားနည်းပြ မွန်တဲလားက ပြောဆိုလိုက်သည်။

ဖီအိုရင်တီးနားအသင်းမှာ မတ်လ ၆ ရက်နေ့က ကစားခဲ့သော ဆီမီးပထမအကျော့ အဝေးကွင်းပွဲစဉ်တွင် ၂း၁ ဖြင့် နိုင်ထားခဲ့ခြင်းကြောင့် ယခုပွဲတွင် သရေကျရုံဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

အီတလီ လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ မွန်တဲလားက "ကျနော်တို့ဟာ ဘယ်ရလဒ်ဆိုရင် တော်လောက်ပြီဆိုတဲ့ စိတ်မျိုးနဲ့ ကစားမှာ မဟုတ်ပါဘူး။

ပွဲတစ်ပွဲကို ဘာမှ ကြိုပြောလို့မရပါဘူး။ နောက်တစ်ခုကတော့ ကျနော်တို့ နောက်တန်းမှာထိုင်ပြီး ခံစစ် ကစားသွားမှာ မဟုတ်ပါဘူး။ ဂျူဗင်တပ်ဟာ အသင်းကောင်း တစ်သင်းမို့ ကျနော်တို့ တစ်ချက်မှ သတိလစ်လို့ မရပါဘူး" ဟု ပြောဆိုခဲ့သည်။

အခြား ဆီမီးပွဲတွင် နာပိုလီနှင့် လာဇီယိုတို့ တွေ့ဆုံနေပြီး နောက်ဆုံး ဗိုလ်လုပွဲကို ရောမ၌ ဇွန်လ ၇ ရက်တွင် ကစားကြရမည် ဖြစ်သည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here