FA Cup News

နောက်ဆုံးအခွင့်အရေးနှင့် လီဗာပူး

Apr 08 , 2015

ယနေ့ည ဘလက်ဘန်းနှင့် ကစားရမည့် FA ဖလားပွဲမှာ လီဗာပူးအတွက် ယခုရာသီတွင် ဖလားရနိုင်မည့် တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော အခွင့်အရေးဖြစ်သည်။

ပထမအကျော့ သရေကျခဲ့သဖြင့် ယခု ပြန်ကန်ပွဲအဖြစ် ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲအဖြစ် ကစားရခြင်းဖြစ်သည်။

လီဗာပူးအသင်းမှာ ၁၉၇၀ နှင့် ၁၉၈၀ ၀န်းကျင်နှစ်များတွင် FA ဖလား ဗိုလ်လုပွဲများသို့ ရောက်ခဲ့လေ့ရှိသော်လည်း နောက်ပိုင်းတွင် အတော်ပင် အလှမ်းဝေးခဲ့ရပြီး FA ဖလားကို နောက်ဆုံးရခဲ့သည်မှာ ၂၀၀၁ ခုနှစ်က ဖြစ်သည်။

လီဗာပူးနှင့် ယခုတွေ့ရမည့် ဘလက်ဘန်း အသင်းမှာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရသည့် အသင်းဖြစ်သော်လည်း ၂၀၁၃ မှစ၍ ယခု ၂၀၁၅ အထိ ပရီးမီးယားလိဂ်အသင်းများနှင့် ၆ ကြိမ်ဆုံခဲ့ရာတွင် ၂၀၁၄ ဇန်န၀ါရီလက မန်စီးတီးကို ၅းဝ ဖြင့် ရှုံးထားသည်မှ လွဲ၍ ကျန် ၅ ပွဲတွင် ၃ ပွဲနိုင် ၂ ပွဲ သရေ ကစားထားနိုင်သည့် အသင်းဖြစ်သည်။

ဂျရတ်၊ စကာတယ်နှင့် အင်မရီကန်တို့ ပွဲပယ်ခံထားရသော ယခုပွဲတွင် လီဗာပူး အနိုင်ကစားနိုင်မည်ဆိုလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here