Europe News

၂၀၁၇ ACN အိမ်ရှင် ဂါဘွန်

Apr 09 , 2015

၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် အာဖရိကနိုင်ငံများ ဖလားပွဲ အိမ်ရှင်အဖြစ် ဂါဘွန်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

၂၀၁၂ တွင် ပူးတွဲ အိမ်ရှင် လုပ်ခဲ့ဘူးသော ဂါဘွန်ကို အာဖရိက ဘောလုံးအဖွဲ့ချုပ် အမှုဆောင်များက အယ်လ်ဂျီးရီးယား၊ ဂါနာတို့ထက် ပို၍ ဦးစားပေး မဲပေးခဲ့ကြခြင်းဖြစ်သည်။

အာဖရိက နောက်ပိုင်း ကမ်းခြေနိုင်ငံတစ်ခုဖြစ်သော ဂါဘွန်အနေနှင့် အသင်း ၁၆ သင်း ပါဝင်မည့် ထိုပြိုင်ပွဲအတွက် ကစားကွင်း ၄ ကွင်းကို အသုံးပြု ယှဉ်ပြိုင်စေ မည် ဖြစ်သည်။

ယင်းပြိုင်ပွဲအတွက် အာဖရိက နိုင်ငံ ၅၄ နိုင်ငံအနက် ဆိုမာလီနှင့် အီရစ်ထရီးယားတို့မှအပ ကျန်နိုင်ငံများမှာ လာမည့် ဇွန်လမှစ၍ ခြေစစ်ပွဲများ စတင်ကစား ကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here