Spain King's Cup News

ဟက်ထရစ်သွင်းတဲ့ အီဘရာဟင်မိုဗစ်

Apr 09 , 2015

ပြင်သစ်လိဂ်ဖလား ဆီမီးပွဲတွင် PSG တိုက်စစ်မှူး အီဘရာဟင်မိုဗစ် ဟက်ထရစ် သွင်းနိုင်ခဲ့ကြောင်း သိရသည်။

စိန့်အက်တိုင်းနီးနှင့် ကစားခဲ့သော ထိုပွဲတွင် အီဘရာဟင်မိုဗစ်က ၂၁ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုး သွင်းခဲ့ပြီး ၈၁ မိနစ်နှင့် မိနစ် ၉၀ တို့တွင် နောက်ထပ် ၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

ပြင်သစ်လိဂ်ဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေသော PSG မှာ ယခု လိဂ်ဖလား ဆီမီးတွင် စိန့်အက်တိုင်းနီးကို ၄း၁ ဖြင့် အနိုင်ရခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲတွင် အော်ဇေးနှင့် ဆုံရမည် ဖြစ်သည်။

ထိုလိဂ်ဖလားကိုသာ ရယူနိုင်ခဲ့ပါက PSG မှာ တစ်ရာသီအတွင်း ဖလား ၃ လုံး ရယူနိုင်သည့် အသင်းဖြစ်ရန် နီးစပ်လာမည် ဖြစ်သည်။

အသက် ၃၃ နှစ် ရှိပြီဖြစ်သော ဆွီဒင်သား အီဘရာဟင်မိုဗစ်မှာ PSG အတွက် စုစုပေါင်း ၁၀၂ ဂိုး သွင်းယူထားနိုင်ပြီဖြစ်ပြီး PSG အသင်း သမိုင်းတလျှောက် ပေါ်တူဂီတိုက်စစ်မှူးဟောင်း ပေါ်လက်တာ ပြီးလျင် ဒုတိယ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့သည်။

U Myo Thant

<< Back Spain King's Cup News


Advertisement
Here