Europe News

လမ်းခွဲခဲ့သော ရေနီယာရီ

Jun 20 , 2014

 ပြင်သစ်ကလပ် မိုနာကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးသည့်နောက် နည်းပြ ရေနီယာရီမှာ အသင်းနှင့် လမ်းခွဲလိုက်ကြပြီ ဖြစ်သည်။

ချဲလ်ဆီးနည်းပြဟောင်းတစ်ဦးဖြစ်သူ ရေနီယာရီမှာ မိုနာကိုကို ပြင်သစ်လိဂ်ဝမ်း သို့ တန်းတက်စေခဲ့သူဖြစ်ပြီး ယခုရာသီအကုန်တွင် အဆင့် ၂ ရရှိစေခဲ့သည်။

မိုနာကို အသင်း ဒုဥက္ကဌ ဗာဆီယက်ဗ်က ရေနီယာရီသည် တာဝန်ကို အကောင်းဆုံး ထမ်းဆောင်သွားခဲ့သူဟု ချီးကျူးသွားခဲ့သည်။

မိုနာကိုအသင်းမှာ ၂၀၁၁ ဒီဇင်ဘာတွင် ရုရှားဘီလျံနာ ရီဗိုလိုဗီယက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာခဲ့ပြီးနောက် ကစားသမားများစွာကို ၀ယ်ယူကာ ပြင်သစ်လိဂ် ထိပ်တန်းအသင်း ဖြစ်လာရေး အတွက် ကြိုးပမ်းနေသည့် အသင်းလည်း ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here