Europe News

နည်းပြဖြစ်လာပြန်သော ကီရှီ

Apr 22 , 2015

စတီဖင် ကီရှီသည် နိုင်ဂျီးရီးယား လက်ရွေးစင် အသင်းနည်းပြအဖြစ် တတိယအကြိမ်မြောက် ပြန်လည် တာဝန်ယူလိုက်ပြီ ဖြစ်သည်။

သူသည် နိုင်ဂျီးရီးယားကို ပထမဆုံးအကြိမ် တာဝန်ယူခဲ့စဉ်က အသင်းမှာ ၂၀၁၃ အာဖရိကနိုင်ငံများ ဖလားကိုရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲ နောက်ပိုင်းတွင် နည်းပြ သက်တမ်း ထပ်မံတိုးခဲ့ခြင်းမရှိခဲ့ပဲ အသင်းမှ ထွက်ခွာခဲ့ရသည်။

ထို့နောက် ဒုတိယအကြိမ်အဖြစ် ၂၀၁၅ အာဖရိက နိုင်ငံများဖလား ခြေစစ်ပွဲကာလတွင် ဒုတိယအကြိမ်မြောက် ပြန်ရောက်လာခဲ့သည်။

သို့သော် ခြေစစ်ပွဲ မအောင်ခဲ့ခြင်းကြောင့် ၂၀၁၄ နိုဝင်ဘာတွင် အသင်းနှင့် ထပ်မံလမ်းခွဲခဲ့ရပြန်သူ ဖြစ်သည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် ကီရှီက နိုင်ဂျီးရီးယားကို တတိယအကြိမ်မြောက် ပြန်လည် ကိုင်တွယ်ခွင့်ရခဲ့၍ များစွာ ကျေနပ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here