Europe News

ဗန်ဂေါလ်ကို ချီးကျူး

Jun 20 , 2014

ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီနည်းပြ မက္ကလာရင်က ဗန်ဂေါလ်မှာ မန်ယူအတွက် အသင့်တော်ဆုံး နည်းပြတစ်ဦးဖြစ်လာ မည် ဟု ပြောဆိုလိုက်သည်။

မက္ကလာရင်နှင့် ဗန်ဂေါလ်တို့မှာ ဟော်လန်နှင့် ဂျာမနီ မြေပေါ်တွင် ပြိုင်ဘက်များအဖြစ် တွေ့ခဲ့ကြဘူးပြီး ထိုအချိန်က မက္ကလာရင် သည် FC တွမ်တိ နည်းပြအဖြစ်၎င်း၊ ဗန်ဂေါလ်က AZ နည်းပြအဖြစ်၎င်း စတင်တွေ့ခဲ့ကြခြင်း ဖြစ်သည်။

ထို ၂၀၀၉ ခုနှစ်က ဗန်ဂေါလ်မှာ AZကို ဟော်လန်အမှတ်ပေးဇလား ရရှိစေခဲ့သူဖြစ်ပြီး ကစားခဲ့ရသည်။

FC တွမ်တိမှာ ထိုနိုင်ပွဲနိုင်မှသာ အေဂျက်ကိုကျော်၍ ဒုတိယနေရာကို ရရှိနိုင်မည့် အနေအထားဖြစ်ပြီး ပွဲအပြီးတွင် တွမ်တိက ၃:၀ နှင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် မက္ကလာရင်မှာ ဘွန်ဒစ်လီဂါကလပ် ၀ုစ်ဘတ်သို့ ၂၀၁၀ ဇူလိုင်လတွင် ရောက်ရှိခဲ့ပြီး ဗန်ဂေါလ်က ၂၀၀၉-၁၀ ရာသီအစတွင် ဘိုင်ယန်သို့ ရောက်ရှိလာခဲ့သည်။

မက္ကလာရင်က လက်ရှိ ဘိုင်ယန်မြူးနစ်အသင်း အောင်မြင်နေမှုများမှာ ဗန်ဂေါလ် ချမှတ်ပေးခဲ့သော ပုံစံတကျဖြစ်မှုများမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ချီးကျူးပြောဆို ခဲ့သည်။

ထို့အပြင်သူက ဗန်ဂေါလ်အနေနှင့်မန်ယူကို အောင်ပွဲများဆီသို့ ပြန်လည်ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြော ဆို သွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here