Bundesliga News

၃ လ ပွဲပယ်ခံရသော စပါဟစ်

Apr 24 , 2015

ဂျာမနီဘောလုံး အဖွဲ့ချုပ်သည် လေဗာကူဆင် ကစားသမားဟောင်း စပါဟစ်အား ကွင်းဝန်ထမ်းတစ်ဦးကို ခေါင်းနှင့်ဆောင့်တိုက်ခဲ့မှုအတွက် ၃ လ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ထိုဖြစ်စဉ်မှာ ယခုလ အစောပိုင်း ဘိုင်ယန်နှင့် ကစားခဲ့ရသည့် ဂျာမန်လိဂ်ဖလား ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ် ၅း၃ နှင့် ရှုံးခဲ့ရသော ထိုပွဲအပြီးတွင် သူ၏ပြုမူမှုများအတွက် လေဗာကူဆင်က ၃၄ နှစ်သား စပါဟစ်ကို အသင်းမှ ထုတ်ပယ်ခဲ့သည်။

ဘော့စနီးယား လက်ရွေးစင်ဖြစ်သည့် စပါဟစ်မှာ ထိုပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ယူရို ၂ သောင်း ပေးဆောင်ရန် အမိန့်ချခြင်းကိုပါ ခံခဲ့ရသည်။

အသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းတွင် စပါဟစ်က တောင်းပန်စကားပြောဆိုခဲ့ပြီး အသင်းဟောင်း လေဗာကူဆင်နှင့်အတူ အသင်းဖော်များ အဆင်ပြေကြ ပါစေကြောင်း ဆုတောင်းစကားများ ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here