Bundesliga News

ဘိုင်ယန်က ထွက်နိုင်တဲ့ ရှဝိုင်းစတိုင်ဂါ

Apr 24 , 2015

လက်ရှိ ဘိုင်ယန် ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါမှာ ယခုရာသီအကုန်တွင် အသင်းမှ ထွက်လိမ့်မည်ဟု ယုံကြည်ကြောင်း ဂျာမနီလက်ရွေးစင်ဟောင်း ဟာမန်းက ပြောဆိုလိုက်သည်။

ရှဝိန်းစတိုင်ဂါ အနေနှင့် ကွင်းလယ်တွင် ပုံမှန်နေရာရရေးအတွက် ရုန်းကန်နေရပြီး အထူးသဖြင့် အလွန်ဆိုနှင့် ယှဉ်ပြိုင်နေရကာ ပေါ်တိုကို ၆း၁ နှင့် နိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲတွင် အရန်ခုံ၌သာ ထိုင်ခဲ့ရသူ ဖြစ်သည်။

ထိုပွဲတွင် နည်းပြ ဂွာဒီယိုလာက စပိန်လက်ရွေးစင် အလွန်ဆိုကို ကွင်းလယ်တွင် နေရာပေးခဲ့ပြီး ထိုအရေးကြောင့် စတိုင်ဂါမှာ အသင်းမှ ထွက်နိုင်စရာ အကြောင်းရင်းဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့အတူ ဟာမန်းက ၂၀၁၃ ရွှေဘောလုံး ဆန်ကာတင်စာရင်းဝင် ရီဘာရီမှာလည်း ဒဏ်ရာများနှင့် ရုန်းကန်နေရချိန်တွင် မူလာက နေရာရသွားခဲ့ပြီးနောက် လာမည့်ရာသီ ဆက်ရှိရေးမှာ မရေရာဟု ဆက်လက်ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here