Europe News

ယူ ၁၇ ချန်ပီယံဖြစ်ခဲ့သော အင်္ဂလန်

Jun 20 , 2014

  မော်လ်တာနိုင်ငံတွင် ကျင်းပခဲ့သော ဥရောပ ယူ-၁၇ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အင်္ဂလန်က ဟော်လန်ကို ပင်နယ်တီအဆုံးအဖြတ် ၄:၁ နှင့် နိုင်ကာ ဗိုလ်စွဲသွားခဲ့ပြီ ဖြစ်သည်။

ယင်းနောက်ဆုံး ဗိုလ်လုပွဲတွင် မိနစ် ၉၀ ပြည့်သည်အထိ ၁ ဂိုးစီ သရေကျနေသဖြင့် နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ရယူရာတွင် အင်္ဂလန်က ၄:၁ နှင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်နှင့် ဟော်လန်မှာ အုပ်စုတစ်ခုတည်းတွင် ကျရောက်ခဲ့ကြပြီး ဟော်လန်က အုပ်စု ပထမ၊ အင်္ဂလန်က အုပ်စု ဒုတိယ ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့ကြခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်တွင် ဟော်လန်က စကော့တလန်ကို ၅:၀၊ အင်္ဂလန်က ပေါ်တူဂီကို ၂:၀ ဖြင့် နိုင်ခဲ့ကြသည်။

ဟော်လန် အနေနှင့် အုပ်စုပွဲတွင် အင်္ဂလန်ကို အနိုင်ရခဲ့သော်လည်း ဗိုလ်လုပွဲတွင်မှ အရှုံးပေးခဲ့ရသည့်အသင်း ဖြစ်သည်။

အင်္ဂလန်အသင်းမှာ ၂၀၁၀ နှင့် ယခု ၂၀၁၄ တို့တွင် ဗိုလ်စွဲ နိုင်ခဲ့ပြီး ဟော်လန်က ၂၀၁၁၊ ၂၀၁၂ တို့တွင် ဗိုလ်စွဲကာ ၂၀၁၃ ချန်ပီယံမှာ ရုရှား ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here