Bundesliga News

ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်

Apr 27 , 2015

ဘွန်ဒစ်လီဂါပွဲစဉ်များတွင် ဒုတိယနေရာမှ ၀ုလ်စ်ဘတ်မှာ မိုချင်ဂလက်ဘက်ကို ၁းဝ ဖြင့် ရှုံးနိမ့်သွားခဲ့သဖြင့် ဇယားထိပ်မှ ဘိုင်ယန်မှာ လက်ကျန်ပွဲစဉ်ရလဒ်များကို ထည့်တွက်ရန်မလိုတော့ပဲ ၂၀၁၄-၁၅ အမှတ်ပေး ချန်ပီယံလိဂ်ဘွဲ့ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဘိုင်ယန်မှာ စနေနေ့က ဟာသာဘာလင်ကို ၁းဝ ဖြင့် နိုင်ထားခဲ့ပြီး တနင်္ဂနွေနေ့တွင် ဒုတိယနေရာမှ ၀ုလ်စ်ဘတ်မှာ အဝေးကွင်းတွင် ရှုံးပွဲတွေ့ခဲ့သဖြင့် ၄ ပွဲကျန် ရာသီသိမ်းခရီးတွင် ဘိုင်ယန်က ၁၅ မှတ်ဖြတ်ကာ ချန်ပီယံဆုကို ကြိုတင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

၁၉၆၃ ခုနှစ်မှ စတင်၍ ဘွန်ဒစ်လီဂါဟု ပြောင်းလဲခေါ်ဝေါ်ယှဉ်ပြိုင်ခဲ့သော ဂျာမနီအမှတ်ပေး ပြိုင်ပွဲတွင် ဘိုင်ယန်မှာ ယခုအကြိမ်နှင့်ဆိုလျင် ၂၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

အမှတ်ပေး ချန်ပီယံဖြစ်သွားသော ဘိုင်ယန်မှာ မနက်ဖြန်အင်္ဂါနေ့တွင် ဂျာမန်လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ဒေါ့မွန်နှင့် ကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးတွင် စပိန်ထိပ်သီး ဘာစီလိုနာနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here