Europe News

ဆဲလ်တစ် နည်းပြဖြစ်ရန် မျှော်မှန်း

Jun 20 , 2014

လွန်ခဲ့သော ဒီဇင်ဘာလ ၀ီဂန်မှ ထုတ်ပယ်ခံခဲ့ရသော အိုဝင်ကွိုင်လီက သူသည် ဆဲလ်တစ်နည်းပြဖြစ်လာရန် မျှော်လင့် မိကြောင်း ပြောဆို လိုက်သည်။

ဆဲလ်တစ်နည်းပြ နေးလ်လင်နွန်မှာ ၄ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ရာထူးမှ ထွက်တော့မည်ဖြစ်ပြီး နည်းပြသစ်ရှာဖွေးရေး အတွက် ကူညီမည်ဟု ပြောဆိုခဲ့သည်။

စကော့တလန်သား ကွိုင်တီမှာ စကောတလန် ကလပ်ဆဲလ်တစ်နှင့် ပတ်သက်၍ ဆဲလ်တစ်ဟာ ကမ္ဘာပေါ်မှာ နာမည်ရှိတဲ့ အသင်းပါ ၊ အဲဒီလိုအသင်းကို နည်းပြလုပ်ခွင့်ရမယ်ဆိုရင် တကယ့်ကို ထူးကဲတဲ့ ရာထူးတစ်ခုဖြစ်လာမှာပါ ဟု ပြောဆိုခဲ့သည်။

ဆဲလ်တစ် တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့ပြီး ဆွီဒင်ထိပ်တန်းကလပ် ဖောလ်ကင်ဘာ့စ်ကို ကိုင်တွယ်နေသည့် ဟင်းနရစ်လာဆင်မှာ ဆဲလ်တစ် နည်းပြဖြစ်လာရန် ထိပ်ဆုံးမှ ရေပန်းစားလျှက် ရှိနေသည်။

အလားတူ မန်ယူနည်းပြဟောင်း မိုရက်စ်၊ ဒန်ဒီးမှ မက်နာမာရာ၊ ဗီလာမှ လမ်းဘတ် တို့သည်လည်း နည်းပြဖြစ်နိုင်သူများ စာရင်း တွင် ပါဝင်လျှက် ရှိသည်။

U Myo Thant




<< Back Europe News


Advertisement
Here