Bundesliga News

ပင်နယ်တီ ၄ လုံးလွဲတဲ့ ဘိုင်ယန်

Apr 29 , 2015

ဂျာမန်လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ဒေါ့မွန်နှင့် ကစားခဲ့သည့်ပွဲတွင် ပင်နယ်တီ ၄ လုံးလွဲခဲ့သော ဘိုင်ယန်မှာ ယင်းပြိုင်ပွဲကို နှုတ်ဆက်လိုက်ရပြီ ဖြစ်သည်။

အိမ်ကွင်းတွင် ကစားခဲ့ရသော ဘိုင်ယန်မှာ ၂၉ မိနစ်တွင် လီဝန်ဒေါ့စကီး၏ ဂိုးဖြင့် စတင်ဦးဆောင်နိုင်ခဲ့သော်လည်း ၇၅ မိနစ်တွင် ဒေါ့မွန်မှ အော်ဘာ မီယန်က ချေပဂိုးသွင်းခဲ့ပြီး အချိန်ပိုအထိပါ ၁​ ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ရသည်။

ယင်းပင်နယ်တီတွင် ဘိုင်ယန်မှ ဖိလစ်လမ်း၊ အလွန်ဆို၊ ဂေါ့ဇီ၊ နူအာ တို့အားလုံး ပင်နယ်တီလွဲခဲ့သော်လည်း ဂန်ဒိုဂန်နှင့် ခါးလ်တို့က ဂိုးဝင်ခဲ့ကြသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ရလဒ် ၀း၂ ဖြင့် ဒေါ့မွန်က နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး ဖလား ၃ လုံး အိပ်မက်မက်နေသော ဘိုင်ယန်အနေနှင့် ဖလား ၁ လုံး လက်လွှတ်ရပြီ ဖြစ်သည်။

ဒေါ့မွန်မှာ ဖိုင်နယ်တွင် အာမေးနီးယားနှင့် ၀ုလ်စ်ဘတ်ပွဲမှ နိုင်သူနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here