Ligue-1 News

တန်းဆင်းသွားတဲ့ ၀ီဂန်နဲ့ မီဝေါလ်

Apr 29 , 2015

ယမန်နေ့က ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် ၂၁ မှ ရိုသာဟမ်အသင်းမှာ အဆင့် ၁၉ မှ ရီးဒင်းကို ၂း၁ ဖြင့် အနိုင်ရသွားခဲ့သောကြောင့် လက်ကျန် ၁ ပွဲ ရှိသေးသော်လည်း တန်းမဆင်းရရေး သေချာသွားကာ အဆင့် ၂၂ နှင့် ၂၃ မှ မီဝေါလ်နှင့် ၀ီဂန်တို့မှာ အဆင့် ၂၄ ဘလက်ပူးနှင့်အတူ လိဂ်ဝမ်းသို့ တန်းဆင်းသွားကြရပြီ ဖြစ်သည်။

နိုင်လိုစိတ်ဖြင့် ကစားခဲ့သော ရိုသာဟမ်အသင်းအတွက် ဒါဘီရှိုင်းယားနှင့် ဖရက်လင်တန်တို့က ဦးဆောင်ဂိုးများ သွင်းပေးခဲ့ပြီးနောက် ၂း၁ ဖြင့် နိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံရှစ်အသင်းအဖြစ် လာမည့်နှစ် ဆက်လက် ကစားခွင့်ရရှိခဲ့ပြီ ဖြစ်သည်။

ယင်း ချန်ပီယံရှစ်တွင် ပရီးမီးယားလိဂ် တန်းတက်ခွင့်အတွက် ၀တ်ဖို့ဒ်နှင့် ဘိုနီမောက်တို့ သေချာသွားခဲ့ပြီဖြစ်ပြီး နောက်တစ်နေရာအတွက် မျှော်လင့်နိုင်မည့် Play-off ကစားခွင့် ၄ သင်းမှာမူ မစ်ဒယ်ဘရော့၊ နောဝစ်ခ်ျတို့ သေချာနေပြီး အခြား ၂ သင်းအဖြစ် နောက်ဆုံး ပွဲစဉ်ကစားပြီးမှ အဖြေထွက်မည် ဖြစ်သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here