Europe News

၂ ခါပြန် အောင်ပွဲခံသူ

Jun 20 , 2014

ရိုသာဟမ် အသင်းတွင် ကစားနေသော ၂၁ နှစ်သား တိုက်စစ်မှူး ဟစ်ခ်ျကော့မှာ ယခုရာသီတွင် ထူးခြားစွာဖြင့် ၂ ခါပြန်အောင်ပွဲ ခံနိုင်သူ ဖြစ်ခဲ့သည်။

အငှားစာချုပ်ဖြင့် သူလာရောက်ကစားနေသော ရိုသာဟမ် အသင်းမှာ လေတန်အိုးရီးယင့်အသင်းကို အနိုင်ရှိခဲ့သဖြင့် ချန်ပီယံရှစ်သို့ တန်းတက်နိုင်ခဲ့ပြီး သူ၏ မိခင်ကလပ်ကျူပီအာမှာလည်း ဒါဘီကောင်တီကို အနိုင်ရကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခဲ့သည်။

သူသည် ၂ သင်းလုံး၏ အောင်ပွဲခံ အခမ်းအနားတွင် ပါဝင်ခဲ့သူဖြစ်ခဲ့သည်။

ချဲလ်ဆီး ဂိုးသမားဟောင်း ကီဗင်၏သားဖြစ်သူ ဟစ်ခ်ျကော့မှာ ယခုရာသီတွင် ရိုသာဟမ်အတွက် ၁၉ ပွဲ ကစား ၉ ဂိုးသွင်းပေးနိုင်ခဲ့ သူ ဖြစ်သည်။

တန်းတက်ခွင့် ၇၂ သန်းလုံး၏ နောက်ဆုံးပွဲစဉ်များတွင် ပါဝင်ခွင့် မရခဲ့သော်လည်း ဟစ်ခ်ျကော့က ကျွန်တော့် ၂ သင်းလုံးတန်းတက်ခွင့် ရခဲ့တယ်ဆိုတာ ဘယ်လောက် ထူးခြားလိုက်သလဲဗျာ၊ ဒီရာသီမှာ အပျော်ဆုံးနေ့ပါပဲ ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here