Bundesliga News

ဖိုင်နယ်တက်သော ၀ုလ်စ်ဘတ်

Apr 30 , 2015

ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိနေသော ၀ုလ်စ်ဘတ်အသင်းမှာ ဂျာမန်လိဂ်ဖလား ဆီမီးဖိုင်နယ်တွင် တတိယတန်းကလပ် အာမေးနီးယားကို ၄းဝ ဖြင့် အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

အာမေးနီးယားအသင်းမှာ ဘွန်ဒစ်လီဂါအသင်းများဖြစ်သော ဂလက်ဘက်၊ ဘရီမင်၊ ဟာသာဘာလင်တို့ကို ကျော်ဖြတ်ကာ ဆီမီးသို့ တက်လာနိုင်ခဲ့သော်လည်း ၀ုလ်စ်ဘတ်ကိုမူ မယှဉ်နိုင်ပဲ အလျှော့ပေးခဲ့ရခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် ၀ုလ်စ်ဘတ်မှာ နည်းပြ ဂျာဂင်ကလော့ပ် နောက်ဆုံးပွဲအဖြစ် ကိုင်တွယ်မည့် ဒေါ့မွန်နှင့် မေလ ၃၀ ရက်နေ့တွင် တွေ့ဆုံရမည် ဖြစ်သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော ကလော့ပ်မှာ ဒေါ့မွန်ကို ၇ နှစ်တာ ကိုင်တွယ်ခဲ့ပြီး ဘွန်ဒစ်လီဂါ ချန်ပီယံ ၂ ကြိမ်၊ ဂျာမန်လိဂ်ဖလား ၁ ကြိမ် နှင့် ၂၀၁၃ ချန်ပီယံလိဂ်ဖိုင်နယ်သို့ တစ်ကြိမ် ရောက်ရှိအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

ဒေါ့မွန်မှာ ဘိုင်ယန်ကို အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်လာသော အသင်းဖြစ်သည်။ နည်းပြ ဟက်ကင်း၏ ၀ုလ်စ်ဘတ်မှာ ယခု ဂျာမန်လိဂ်ဖလားကို ရရှိခဲ့ဘူးခြင်း မရှိသေးပေ။

U Myo Thant




<< Back Bundesliga News


Advertisement
Here