Europe News

ရွိုင်ကိန်း ဆဲလ်တစ်သို့ မသွားလို

Jun 20 , 2014

ဆဲလ်တစ်နည်းပြ ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံရသူများထဲတွင် ပါဝင်ခဲ့သော မန်ယူကပ္ပတိန်ဟောင်း ရွိုင်ကိန်းမှာ အိုင်ယာလန် လက်ထောက်နည်းပြ အဖြစ်သာ ဆက်ရှိတော့မည်ဟု သိရသည်။

အိုင်ယာလန်နည်းပြ အိုနေးလ်မှာ ရွိုင်ကိန်းကို ဆဲလ်တစ်နှင့် ဆွေးနွေးခွင့်ပေးခဲ့သော်လည်း နောက်ဆုံးတွင် ရွိုင်ကိန်းက အိုင်ယာလန် အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆဲလ်တစ် အသင်းဘက်မှလည်း ထိုသတင်းကို အတည်ပြုပေးခဲ့သည်။

အိုင်ယာလန်အသင်းမှာ ယခုအခါ အမေရိကန်သို့ ရောက်ရှိနေပြီး ကော့စတာရီကာ၊ ပေါ်တူဂီ အသင်းများနှင့် ခြေစမ်းပွဲကစား မည် ဖြစ်သည်။ ရွိုင်ကိန်းမှာ ယခင်က နည်းပြအဖြစ် ဆန်းဒါးလန်း၊ အစ်ဆွစ်ခ်ျ အသင်းများကို တာဝန်ယူခဲ့ဘူးသူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here