Bundesliga News

ဘိုင်ယန်အကြောင်းပြောတဲ့ ဖရိုင်းဒရစ်

Apr 30 , 2015

ဘိုင်ယန်အနေနှင့် ဒဏ်ရာရကစားသမားများ ရှိနေသော်လည်း ဘာစီလိုနာနှင့်တွေ့ရမည့် ချန်ပီယံလိဂ်ပွဲတွင် ရလဒ်ကောင်းမည်ဟု ယုံကြည်ကြောင်း ဂျာမနီ လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သူ အာနီ ဖရိုင်းဒရစ်က ပြောဆိုလိုက်သည်။

ဘိုင်ယန်အသင်းမှာ ဒေါ့မွန်နှင့် ကစားခဲ့သည့် ဂျာမန်ဖလား ဆီမီးပွဲတွင် ရော်ဘင်နှင့် လီဝန်ဒေါစကီးတို့ ဒဏ်ရာရရှိခဲ့ကြပြီး ရော်ဘင်မှာ ရာသီကုန် နားရသကဲ့သို့ လီဝန်ဒေါစကီးမှာလည်း မည်သည့်အချိန် ပြန်ကစားနိုင်မည်ကို မသိရသေးပေ။

ဘိုင်ယန်အနေနှင့် ဘွန်ဒစ်လီဂါ ချန်ပီယံဘွဲ့ကို ရရှိပြီးဖြစ်၍ မေလ ၆ ရက် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဆီမီးပထမအကျော့ကိုသာ အာရုံစိုက်လိမ့်မည် ဖြစ်သည်။

ဖရိုင်းဒရစ်က ဘိုင်ယန်အနေနှင့် ဂျာမနီအသင်းပီပီ အခြေအနေကို တွက်ဆ၍ ထိန်းကစားတတ်သော အသင်းဖြစ်ကြောင်း အတွေ့အကြုံရှိ ကစားသမားများ ရှိနေသည့်အတွက် များစွာစိတ်မပူမိကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here