Europe News

နည်းပညာပိုသုံးရန် အလိုရှိ

Jun 20 , 2014

ဥရောပတစ်ဝှမ်းမှ မန်နေဂျာနှင့် နည်းပြအများစုသည် ကွင်းလယ်ဒိုင်ကို အထောက်အကူဖြစ်စေမည့် နည်းပညာများ ပိုမိုသုံးရန်လို လား ကြကြောင်း လိဂ်မန်နေဂျာများ အဖွဲ့ချုပ်က ထုတ်ဖော်တင်ပြခဲ့သည်။

ဥရောပ နိုင်ငံပေါင်း ၂၀ မှ နည်းပြ ၁၄၂ ဦးထံမှ သဘောထား ကောက်ယူရာတွင် ၉၃% က နည်းပညာစနစ်များ ပိုမိုသုံးစွဲ ရန် ထောက်ခံမှုပြုခဲ့ကြသည်ဟု ဆိုသည်။

စစ်တမ်းကောက်ယူမှုများထဲတွင် ရာသီဝက်နားချိန်အပေါ် သဘောထား၊ အားကစားဒါရိုက်တာ များ နေရာအတွက် သဘောထားနှင့် အပြောင်းအရွေှ့ကာလအပေါ် သဘောထားတို့ပါ ပါဝင်ကြောင်း သိရသည်။

UK၊ စပိန်၊ အီတလီ ၊ ဟော်လန်၊ ဂျာမနီ စသည့် ထိပ်တန်းလိဂ်များရှိရာ နိုင်ငံများမှ နည်းပြအများစုက ဂိုးစည်းနည်းပြပညာ ကဲ့သို့သော ကွင်းလယ်ဒိုင်ကို အထောက်အကူပြုမည့် စနစ်များ ပိုသုံးရန် ၉၃% ကထောက်ခံခဲ့သည်။

ရာသီဝက် နားချိန်အတွက် ၇၀% အားကစားဒါရိုက်တာထားရှိရန် ၆၄% ၊ လက်ရှိအပြောင်းအရွှေ့ကာလအတိုင်း ၆၂% တို့က သဘောတူခဲ့ကြသည်ဟု သိရသည်။

U Myo Thant




<< Back Europe News


Advertisement
Here