Ligue-1 News

ချန်ပီယံဆုနှင့် PSG

May 04 , 2015

နန့်တက်စ် အသင်းကို ၀း၂ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အနီးဆုံးပြိုင်ဘက်ကို ၃ မှတ်ဖြတ်ထားနိုင်သည့် PSG မှာ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံဆုနှင့် နီးစပ်လာပြီ ဖြစ်သည်။

အဝေးကွင်းတွင် ကစားခဲ့ရသော ထိုပွဲတွင် ကာဗာနီနှင့် မာတူဒီတို့က PSG အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြပြီး ဒုတိယနေရာမှ လိုင်ယွန်ကို ၃ မှတ် ပြန်ဖြတ်ထားနိုင်ခဲ့သည်။

PSG နည်းပြ ဘလန့်စ်က ချန်ပီယံဆုမှာ မိမိတို့လက်တွင်းသို့ ရောက်မလာသေးခြင်းကြောင့် ကစားသမားများအနေနှင့် လက်ကျန်ပွဲများတွင် ဂရုတစိုက် ကစားကြရဦး မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

PSG အသင်းမှာ လက်ကျန် ၃ ပွဲတွင် ၇ မှတ် ရခဲ့ပါက ချန်ပီယံဘွဲ့ကို သေချာစေမည်ဖြစ်ပြီး ယင်း ၃ ပွဲတွင် အဆင့် ၁၀ မှ ဂူအင်ဂမ့်၊ အဆင့် ၇ မှ မောင့်ပယ်လီယာ၊ အဆင့် ၁၇ မှ ရိမ်းစ်အသင်းများနှင့် ကစားရမည် ဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here