Europe News

နည်းပြသစ်ခန့်ခဲ့သော ဆဲလ်တစ်

Jun 20 , 2014

စကော့တလန်ကလပ် ဆဲလ်တစ်သည် ရွန်နီဒိုင်လာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သော နော်ဝေးသား ဒိုင်လာကို ၁၂ လ စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၄ နှစ်အတွင်း ချန်ပီယံ ၃ ကြိမ်ရစေ ခဲ့သော နေးလ်လင်နွန်နေရာကို ဆက်ခံမည် ဖြစ်သည်။

ဒိုင်လာမှာ နော်ဝေကလပ် စထရွန်းဂေါ့ဆက်ကို ပြီးခဲ့သည် ရာသီတွင် အမှတ်ပေးချန်ပီယံဖြစ်စေခဲ့ပြီး နော်ဝေလိဂ်ဖလားကို ၂၀၁၀ တွင် ရယူပေးခဲ့သည်။

ဆဲလတစ် စီအီးအို လော်ဝယ်လ်က မိမိတို့အနေနှင့် ဒိုင်လာအပေါ် ယုံကြည်မှုရှိကြောင်း၊ သူ့အနေနှင့် ဆဲလ်တစ်ကို ထူးခြားသည့် နည်းလမ်းများဖြင့် ဦးဆောင်ပေးသွားမည်ဟု ယူဆထား ပါကြောင်း ပြောဆိုသွားခဲ့သည်။

ဆဲလ်တစ်အသင်းမှာ လာမည့်ရာသီအစအဖြစ် ဇူလိုင် ၁၅/၁၆ တွင် ချန်ပီယံလိဂ် ဖြေစစ်ပွဲမှ စတင်ကာ ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here