Europe News

အပယ်ခံရသော ရက်ဒ်စတား

Jun 20 , 2014

ဆာဘီးယားအမှတ်ပေး ချန်ပီယံရက်ဒ်စတား ဘဲလ်ဂရိတ် အသင်းမှာ ကြွေးမြီများ ပေးဆပ်ရန် ကွက်ပျက်မှုကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲများမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

ထိုကလပ်အနေနှင့် ငွေကြေးဆိုင်ရာ မျှတစွာယှဉ်ပြိုင်ရေး စည်းမျဉ်းပါအချက်ကို ချိုးဖောက်ရာ ရောက်ခဲ့ကြောင်း ဥရောပ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

၁၉၉၁ ဥရောပဖလားကို ရရှိခဲ့ဘူးသော ရက်ဒ်စတား အနေနှင့် ၁၀ရက်အတွင်း အယူခံဝင်နိုင်သည်ဟု ဆိုသည်။ ကလပ်အသင်း အနေနှင့် ကစားသမားများကို လစာပေးချေရသည့်စာရင်း၊ အပြောင်းအရွှေ့အတွက် အသုံးစရိတ်နှင့် အခြားအခွန် အခ များကို တင်ပြရမည် ဖြစ်သည်။

ရက်ဒ်စတား အနေနှင့် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရ ရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယဆင့် ခြေစစ် ပွဲမှ စတင်ကစားခွင့်ရခဲ့သည့် အသင်း ဖြစ်သည်။

အကယ်၍ ရက်ဒ်စတား အပယ်ခံရပါက အမှတ်ပေးဇယား ဒုတိယနေရာရခဲ့သော မြို့ခံပြိုင်ဘက် ပါတီဇ်ဘဲလ်ဂရိတ်က ချန်ပီယံ လိဂ် ၀င်ခွင့် ရသွားမည်ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here