Europe News

ဘရာဇီးမှာပြန်ပါမယ့် ရော်ဘင်ဟို

May 06 , 2015

အသက် ၃၁ နှစ်ရှိပြီဖြစ်သော တိုက်စစ်မှူး ရော်ဘင်ဟိုမှာ ကိုပါအမေရိက ဖလားပွဲ ၀င်ပြိုင်မည့် ဘရာဇီးလက်ရွေးစင် အသင်းက ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရသည်။

မန်စီးတီးနှင့် မီလန်တို့တွင် ကစားခဲ့ပြီး ယခုအခါ ဘရာဇီးကလပ် ဆန်းတို့စ်တွင် အငှားစာချုပ်ဖြင့် ကစားနေသူ ရော်ဘင်ဟိုမှာ ခြေစွမ်းပြနိုင်မှုကြောင့် ဘရာဇီး လက်ရွေးစင်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာတိုက်စစ်မှူး နေမာ၊ PSG ခံစစ်မှူး ဒေးဗစ်လူးဝစ်နှင့် တီဟာဂို ဆေးလ်ဗားတို့သည်လည်း ၂၃ ဦးပါ ဘရာဇီးလူစာရင်းတွင် ပါဝင်ကြသည်။ သို့သော် ချဲလ်ဆီးမှ ကွင်းလယ်ကစားသမား အော်စကာမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိဟု သိရသည်။

၂၀၀၇ တွင် ချန်ပီယံဖြစ်ခဲ့သော ဘရာဇီးမှာ ချီလီတွင် ဇွန်လ ၁၁ ရက်နေ့ စတင်ကျင်းပမည့် ပြိုင်ပွဲတွင် အောင်မြင်မှုရစေရန် ကြိုးစားပြင်ဆင်နေပြီး နည်းပြ ဒွန်ဂါက ကိုပါအမေရိကပွဲနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here