Europe News

အသင့်ဖြစ်နေတဲ့ ကင်မရွန်း

Jun 20 , 2014

ဆုကြေးငွေမရမှုကြောင့် ဘရာဇီးသို့ လာရောက်ရန်ငြင်းဆန်ခဲ့သော ကင်မရွန်း အသင်းသားများမှာ ကင်မရွန်းဘောလုံး အဖွဲ့ချုပ်နှင့် ညှိုနိုင်းခဲ့ပြီးနောက် ဘရာဇီးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

ချဲလ်ဆီး ကစားသမားဟောင်း အီတူးအပါအ၀င် ကင်မရွန်း အသင်းသားများမှာ ဆုကြေးငွေကိစ္စကြောင့် ဘရာဇီးသို့ သွားရောက် ရန် ငြင်းဆန်ခဲ့ကြခြင်းဖြစ်ပြီး ထို့နောက်တွင် ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်နှင့် အရေးပေါ် အစည်းအဝေးကျင်းပကာ သဘောတူညီမှု ရခဲ့ကြသည်။

နည်းပြ ဖင်ကီက အသင်းသားများအနေနှင့် ပေါင် ၆၁၀၀၀ ပေးအပ်ခဲ့ခြင်းမှာ လုံလောက်မှုမရှိဟု ကန့်ကွက်ကာ ဘရာဇီးသို့ သွားရောက်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ကင်မရွန်းမှာ စီစဉ် ထားသည်ထက် ၁၂ နာရီနောက်ကျကာ ထွက်ခွာခဲ့ရပြီး ယမန်နေ့ ညနေပိုင်းက ဘရာဇီးမြေသို့ ရောက်ရှိလာ ခဲ့ကြ သည်။ အုပ်စု A တွင် ပါဝင်သော ကင်မရွန်းမှာ အိမ်ရှင် ဘရာဇီး၊ ခရိုအေးရှား၊ မက္ကဆီကိုတို့နှင့် ဆုံတွေ့ရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here