Europe News

ဘာရိန်းနည်းပြဖြစ်လာသော ဘာတစ္စတာ

May 08 , 2015

အသက် ၅၂ နှစ်ရှိပြီဖြစ်သော အာဂျင်တီးနားသား ဘာတစ္စတာသည် ပင်လယ်ကွေ့နိုင်ငံဖြစ်သော ဘာရိန်း လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂ နှစ်စာချုပ် ချုပ်တော့မည် ဖြစ်သည်။

အာဂျင်တီးနား လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဘူးသော ဘာတစ္စတာမှာ လွန်ခဲ့သောနှစ်က တရုတ်စူပါလိဂ်ကလပ် ဂွန်ဇူးနှင့် လမ်းခွဲခဲ့ပြီးနောက် ဘာရိန်းအသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

၁၉၈၆ ကမ္ဘာ့ဖလားအရ အာဂျင်တီးနားအသင်းတွင် ပါဝင်ကစားခဲ့သူ ကွင်းလယ်ခံစစ်သမား ဘာတစ္စတာမှာ အာဂျင်တီးနား အိုလံပစ်အသင်းကို ၂၀၀၈ ဘေဂျင်း အိုလံပစ်တွင် အောင်မြင်မှုရရှိရန် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

သူသည် ဘာရိန်းကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် တာဝန်ယူရမည်ဖြစ်ပြီး ဘာရိန်းမှာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် Play-off အဆင့်ထိ ရောက်ခဲ့သော်လည်း နယူးဇီလန်ကို နှစ်ကျော့ပေါင်း ၁းဝ ဖြင့် ရှုံးကာ လက်လျှော့ခဲ့ရသည့် အသင်းဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here