Europe News

၂ ဂိုးသွင်းသည့် ရိုက်ဖိလစ်

May 11 , 2015

ရက်ဒ်ဘူးလ် တောင်ပံတိုက်စစ်မှူး ရိုက်ဖိလစ်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယောက်စီးတီးနှင့် ကစားသည့်ပွဲတွင် ၂ ဂိုး သွင်းကာ အသင်းကို ၃ မှတ်ရစေခဲ့သည်။

မန်စီးတီး၊ ဆောက်သင်တန်တို့တွင် ကစားခဲ့သော အသက် ၃၀ အရွယ် ရိုက်ဖိလစ်မှာ နယူးယောက်ဒါဘီအဖြစ် တွေ့ဆုံခဲ့သော မြို့ခံ ၂ သင်းပွဲတွင် ယခုကဲ့သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက်အသင်းမှ မူလင်က ချေပဂိုး တစ်ဂိုး သွင်းယူခဲ့သော်လည်း ရက်ဒ်ဘူးလ်က အနိုင်ပွဲကို ဆက်ထိန်းသွားနိုင်ခဲ့သည်။

ယခုနိုင်ပွဲကြောင့် ရက်ဒ်ဘူးလ်မှာ ၁၆ မှတ်ဖြင့် တတိယနေရာသို့ တက်လာပြီး ထိပ်ဆုံးမှ နယူးအင်္ဂလန်နှင့် ၂ မှတ်အကွာသို့ ရောက်လာခဲ့သည်။

နယူးယောက်စီးတီးမှာ ၆ မှတ်ဖြင့် အဆင့် ၈ တွင်ရှိနေပြီး ဇယားအောက်ဆုံးနှင့် ၂ ဆင့်သာ ကွာဟသည့် အနေအထားဖြစ်သည်။

ရက်ဒ်ဘူးလ်မှာ မန်စီးတီးအသင်းပိုင်ရှင်များ၏  ချုပ်ကိုင်မှုအောက်တွင် ရှိနေပြီး ယခုပွဲသို့ ပရိသတ် နှစ်သောင်းခွဲကျော် လာရောက်အားပေးခဲ့ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here