Europe News

ဘရာဇီးအိုလံပစ်အသင်း ဒွန်ဂါကိုင်မည်

May 12 , 2015

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ ဒွန်ဂါသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲဝင်မည့် ဘရာဇီးအိုလံပစ်ဘောလုံးအသင်းကိုလည်း ပူးတွဲကိုင်တွယ်သွားမည်ဟု သိရသည်။

ဒွန်ဂါမှာ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲဝင် အသင်းကို တာဝန်ယူခဲ့ဘူးသူဖြစ်ပြီး လက်ရှိ အိုလံပစ်အသင်းနည်းပြ ဂယ်လိုမှာ ယူ-၂၀ အိုလံပစ်အသင်းများကို ၂၇ လကြာ တာဝန်ယူခဲ့ပြီးနောက် နှုတ်ထွက်သွားခဲ့သဖြင့် ဒွန်ဂါက ဘရာဇီး လက်ရွေးစင် အသင်း နည်းစနစ်ကော်မရှင်၏ သဘောတူညီချက်အရ အစားထိုး ကိုင်တွယ်ပေးခြင်းဖြစ်သည်။

၂၀၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ဘရာဇီးမှာ နေမာ၊ ဆေးလ်ဗား၊ အော်စကာတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း မက္ကဆီကိုကို ရှုံးနိမ့်ခဲ့၍ ရွှေတံဆိပ်နှင့် လွဲခဲ့ရသည်။

ယခု ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးတွင်ပင် ကျင်းပမည်ဖြစ်၍ အိမ်ရှင်အခွင့်အရေးနှင့်အတူ ဆုတံဆိပ်ရယူရန် ဘရာဇီး ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိ သူများက မျှော်လင့်ချက်ရှိနေကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here