World CUp 2014 News

အင်္ဂလန် ထွက်ပြီ

Jun 21 , 2014

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု D ပြိုင်ပွဲတွင် ကော်စတာရီကာက အီတလီကို အနိုင်ရရှိသွားခဲ့သဖြင့် နာမည်ကြီး အင်္ဂလန်မှာ မျှော်လင့်ချက်အားလုံး ကုန်ဆုံးကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ရပြီ ဖြစ်သည်။

အီတလီနှင့် ကော်စတာရီကာပွဲတွင် အီတလီကသာ အနိုင်ရမည်ဆိုလျှင် အင်္ဂလန်အတွက် မျှော်လင့်ချက်အနည်းငယ်မျှ ရှိနေဦး မည်ဖြစ်သော်လည်း ယခုကဲ့သို့ ကော်စတာရီကာက နိုင်သွားခဲ့သဖြင့် အင်္ဂလန်အတွက် မျှော်လင့်ချက်ကုန်ဆုံးသွားကာ အင်္ဂလန် ကို နိုင်ခဲ့သော ဥရုဂွေးမှာလည်း အုပ်စု နောက်ဆုံးပွဲတွင်  အီတလီကို နိုင်မှသာ နောက်တစ်ဆင့်တက်နိုင်မည် ဖြစ်သည်။

ကော့စတာရီကာမှာ ၂ ပွဲဆက်တိုက်နိုင်ခဲ့၍ နောက်တစ်ဆင့်တက်ခဲ့ပြီး ၃ မှတ်စီရထားသော အီတလီနှင့် ဥရုဂွေးတို့မှာ ၎င်းတို့ကစားရ မည့်ပွဲတွင် အီတလီက သရေဆိုလျှင်ပင် ဂိုးကွာခြားချက်အရ နောက်တစ်ဆင့်တက်မည်ဖြစ်ကာ ဥရုဂွေးကမူ နိုင်မှသာ ခရီးဆက်နိုင် မည် ဖြစ်သည်။

အင်္ဂလန်မှာ ကော်စတာရီကာနှင့် ကစားရန်ကျန်သေးသော်လည်း မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ထူးခြားမည် မဟုတ်တော့ပေ။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here