Bundesliga News

ဘာကာကိုညွှန်းတဲ့ ဂွာဒီယိုလာ

May 13 , 2015

ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက သူ၏ အသင်းဟောင်း ဘာစီလိုနာအနေနှင့် ချန်ပီယံလိဂ်တွင် သရဖူဆောင်းလိမ့်မည်ဟု ပြောဆိုလိုက်သည်။

ဘိုင်ယန်အသင်းမှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဘာစီလိုနာကို ၃း၂ ဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ၅း၃ ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဂွာဒီယိုလာက ဂျာမနီမြေ ဘာလင်တွင် ဇွန်လ ၆ ရက်နေ့ ကစားမည့် နောက်ဆုံး ဗိုလ်လုပွဲတွင် အသင်းဟောင်း ဘာစီလိုနာ အောင်ပွဲခံလိမ့်မည်ဟု မိမိမြင်ယောင်နေကြောင်း၊ မိမိအသင်း၏ ဒုတိယအကျော့ ခြေစွမ်းကို အားရခဲ့သော်လည်း စပိန်မြေမှ ရှုံးပွဲကြောင့် မိမိတို့ အခွင့်အရေး လက်လွှတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ဘာစီလိုနာအနေနှင့် မက်ဆီ၊ နေမာတို့၏  ကစားအားဖြင့် ဥရောပချန်ပီယံဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယနေ့ ရီးရဲလ်နှင့် ဂျူဗင်တပ်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး ရီးရဲလ်အနေနှင့် အိမ်ကွင်းတွင် ၂ ဂိုးပြတ်ဖြင့် အနိုင်ရပါမှ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here