World CUp 2014 News

လက်မလျှော့တဲ့ ဆွာရက်ဇ်

Jun 21 , 2014

ဟွန်ဒူးရပ်စ်နည်းပြ လူးဝစ်ဆွာရက်ဇ်က သူ့အနေနှင့် မျှော်လင့်ချက်နည်းနေသော်လည်း နောက်တစ်ဆင့်တက်ရန် လက်မလျှော့သေးကြောင်း ပြောဆိုလိုက်သည်။

ဟွန်ဒူးရပ်စ်အသင်းမှာ အုပ်စု E ဒုတိယပွဲစဉ်အဖြစ် အီကွေဒေါနှင့် ကစားခဲ့ရာတွင် ၁း၂ ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ၂ ပွဲရှုံး အမှတ်မ ရသေးပဲ အောက်ဆုံးတွင်သာ ရှိနေသည်။

ယင်းအုပ်စုတွင် ပြင်သစ် ၂ ပွဲနိုင် ၆ မှတ်ဖြင့် အုပ်စု တက်ရန် သေချာသွားသော်လည်း အီကွေဒေါနှင့် ဆွစ်ဇာလန်တို့မှာ ၃ မှတ်စီဖြင့် မရေရာသေးပဲ ရှိနေသည်။

ဟွန်ဒူးရပ်စ်မှာ လာမည့်ပွဲတွင် ဆွစ်ဇာလန်နှင့် တွေ့ရမည်ဖြစ်ပြီး အီကွေဒေါက ပြင်သစ်နှင့် တွေ့ရမည်ဖြစ်သည်။

ဂိုးကွာခြားချက်များမှာ အီကွေဒေါက (၀)၊ ဆွစ်ဇာလန်က (-၃)၊ ဟွန်ဒူးရပ်စ်က (-၄) ရှိနေပြီး အကယ်၍ ပြင်သစ်က အီကွေဒေါကို ဂိုးပြတ်ဖြင့် နိုင်၊ ဟွန်ဒူးရပ်စ်ကလည်း ဆွစ်ဇာလန်ကို ဂိုးပြတ်ဖြင့် နိုင်ခဲ့လျှင် ဟွန်ဒူးရပ်စ်က အခွင့်အရေးရသွားနိုင်မည် ဖြစ်သည်။

ထိုသို့ဖြစ်လာရန်မှာ စိတ်ကူးယဉ်ဆန်လှသော်လည်း ဆွာရက်ဇ်ကမူ ဘာမဆိုဖြစ်လာနိုင်သေးသည်ဟု ပြောသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here