Europa League

ဖိုင်နယ်တက်သော ဒီနီပရိုနှင့် ဆီဗီးလား

May 15 , 2015

ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို ယမန်နေ့က ကျင်းပခဲ့ရာ ဒီနီပရိုနှင့် ဆီဗီးလားတို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပြီဖြစ်သည်။

ဒီနီပရိုမှာ အိမ်ကွင်းတွင် နာပိုလီကို ၁းဝ ဖြင့် အနိုင်ရခဲ့သဖြင့် နှစ်ကျော့ပေါင်း ၂း၁ ဖြင့် ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်ပြီး ဆီဗီးလားမှာ အဝေးကွင်းတွင် ဖီအိုရင်တီးနားကို ၀း၂ ဖြင့် နိုင်ခဲ့၍ နှစ်ကျော့ပေါင်း ၅းဝ ဖြင့် ဖိုင်နယ်တက်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဘင်နီတက်ဇ်၏ နာပိုလီမှာ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားခဲ့ရပြီး လွန်ခဲ့သော ၁၀ နှစ်အတွင်း ဖလား ၃ ကြိမ်ရခဲ့သော ဆီဗီးလားမှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရန် ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်နိုင်ခဲ့သည်။

နောက်ဆုံးဗိုလ်လုပွဲကို ပိုလန်နိုင်ငံ ၀ါဆောတွင် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းဗိုလ်လုပွဲတွင် ဗိုလ်စွဲသည့်အသင်းသည် လာမည့် ရာသီချန်ပီယံလိဂ်သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

U Myo Thant

<< Back Europa League


Advertisement
Here