Coppa Italia Cup News

ကိုပါအီတာလျံ ချန်ပီယံ ဂျူဗင်တပ်

May 21 , 2015

ကိုပါအီတာလျံ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရောမအိုလံပစ်ကွင်းကြီးတွင် ကျင်းပခဲ့သောပွဲစဉ်၌ စီးရီးအေချန်ပီယံ ဂျူဗင်တပ်က လာဇီယိုကို ၂း၁ ဖြင့် အနိုင်ရရှိကာ ယခုရာသီအတွက် ဒုတိယမြောက် ဖလားတစ်လုံး ထပ်မံရရှိသွားပြီဖြစ်သည်။

အဆိုပါပွဲတွင် လာဇီယိုမှ ရာဒူက ပွဲအစ ၄ မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၁၁ မိနစ်၌ ဂျူဗင်တပ်မှ ချီရယ်လီနီက ချေပဂိုးသွင်းသွားခဲ့သည်။

သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ ဂိုးထပ်မံမသွင်းနိုင်ခဲ့သောကြောင့် အချိန်ပိုဆက်ကစားရာ ၉၇ မိနစ်တွင် မက်ထရီက စီးရီးအေချန်ပီယံ ဂျူဗင်တပ်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းမှာ စီးရီးအေ လက်ကျန်ပွဲစဉ် ၂ ပွဲ ကစားရဦးမည်ဖြစ်ပြီး ယင်းနောက်တွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အနိုင်ရခဲ့ပါက တစ်ရာသီအတွင်း ဖလား ၃ လုံး ရသည့်အသင်းအဖြစ် စံချိန်တင်နိုင်မည် ဖြစ်သကဲ့သို့ ဘာစီလိုနာမှာလည်း လာလီဂါဖလားနှင့် စပိန်ဘုရင့်ဖလားတို့ ရရှိပြီးဖြစ်၍ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့ပါက ဖလား ၃ လုံးရ အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here