La-liga News

ရီးရဲလ်ရောက်နိုင်တဲ့ ဘင်နီတက်ဇ်

May 21 , 2015

လက်ရှိ ရီးရဲလ်နည်းပြ အန်ဆလော့တီမှာ မီလန်သို့ ပြောင်းရွေှ့လိမ့်မည်ဟု သတင်းများထွက်နေပြီး သူ၏နေရာကို ဘင်နီတက်ဇ်က ဆက်ခံမည်ဟု သိရသည်။

နည်းပြ အန်ဆလော့တီက အသင်းဟောင်း မီလန်နှင့် အဆက်အသွယ်ရှိသည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းများကရေးသားဖော်ပြလာခြင်း ဖြစ်သည်။

ရီးရဲလ်မှာ ယခုရာသီတွင် လာလီဂါ အဆင့် ၂ တွင် ရပ်တည်နိုင်ခဲ့သော်လည်း ဖလားလက်မဲ့ရာသီ ဖြစ်ခဲ့ရသည့်အတွက် နည်းပြအပြောင်းအလဲဖြစ်လာနိုင်သည့် အသင်းတစ်သင်းဖြစ်သည်။

လီဗာပူးကို ကိုင်တွယ်ခဲ့ဘူးသည့် လက်ရှိ နာပိုလီနည်းပြ ဘင်နီတက်ဇ်မှာ ယခင်က ဗလင်စီယာအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အက်သလက်တီကို နည်းပြ ဆီမြွန်းနီက အီတလီသား အန်ဆလော့တီမှာ ရီးရဲလ်ကို ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး တစ်ရာသီဖလား မရရုံမျှဖြင့် ယခုကဲ့သို့ အသင်းပြောင်းရန် ဖိအားပေးခြင်းမျိုးမရှိသင့်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here