Ligue-1 News

မမျှော်လင့်တဲ့ ဘီအယ်လ်စာ

May 22 , 2015

မာဆေးလ်နည်းပြ ဘီအယ်လ်စာက သူ့အနေနှင့် စာချုပ်သစ်ကမ်းလှမ်းခံရရန် မမျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

အာဂျင်တီးနားသား ဘီအယ်လ်စာမှာ ပထမရာသီဝက်တွင် မာဆေးလ်ကို ပြင်သစ်လိဂ်ဝမ်း ချန်ပီယံဖြစ်နိုင်ချေလမ်းကြောင်းပေါ်ရောက်စေခဲ့သော်လည်း နောက်ပိုင်းတွင် ရလဒ်များ မကောင်းခဲ့တော့သဖြင့် လက်ရှိ အဆင့် ၄ တွင်သာ ရပ်တည်နေရသည့်အသင်းဖြစ်သည်။

သူ့အနေနှင့် မာဆေးလ်ထံမှ စာချုပ်သစ်ကမ်းလှမ်းလာမည်ကို မျှော်လင့်နေသည်ဟု ပြောဆိုခဲ့ကြောင်း သတင်းအချို့တွင် ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ "ကျနော်က စာချုပ်သစ်ကို မျှော်နေတယ်ဆိုတဲ့သတင်းကို ဖတ်ရပါတယ်။ ကျနော် အဲဒီလို တစ်ခါမှ မပြောခဲ့ပါဘူး။ ကျနော်ပြောတာက ကမ်းလှမ်းမှု မရသေးဘူးလို့ပဲ ပြောခဲ့ တာပါ။ မျှော်လင့်နေတယ်ဆိုတဲ့ စကားလုံး မပါပါဘူး။ ဒီစကား ၂ ခွန်းက အဓိပ္ပါယ် အရမ်းကွဲပြားပါတယ်။ ကျနော် ဘာကမ်းလှမ်းမှုမှ မရသေးဘူး။ ဘာတွေဖြစ်လာမယ် ဆိုတာလည်း မသိသေးပါဘူး" ဟု အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဘီအယ်လ်စာက ပြောဆိုသွားခဲ့သည်။

မာဆေးလ်မှာ လာမည့်စနေနေ့တွင် ဘက်စတီရာ အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရမှသာ ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိမည်ဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here