Ligue-1 News

လူထပ်ခေါ်တဲ့ ဒက်စ်ချမ့်

May 23 , 2015

ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒက်စ်ချမ့်သည် လာမည့်လတွင်ကစားမည့် ခြေစမ်းပွဲ ၂ ပွဲအတွက် ဂျူဗင်တပ်မှ ပိုဂဘာနှင့် အီဗရာတို့ကို ခေါ်ယူလိုက်သည်။

ပြင်သစ်အသင်းမှာ လာမည့်လတွင် ဘယ်လ်ဂျီယံ၊ အယ်လ်ဘေးနီးယားတို့နှင့် ခြေစမ်းရန် စီစဉ်ထားပြီး ယခုခေါ်ယူထားသော ကစားသမား ၂ ဦးမှာ ဂျူဗင်တပ်၏ ဘာစီလိုနာနှင့်ကစားမည့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွင် ပါဝင်လာနိုင်သော ကစားသမားများဖြစ်သည်။

ချန်ပီယံလိဂ်ပွဲစဉ်နှင့် နီးကပ်နေသော်လည်း ဒက်စ်ချမ့်က လက်ရွေးစင်အသင်းဆိုသည်မှာ ကလပ်အသင်းထက်ပို၍ အရေးပါသောအသင်းဟု မိမိခံယူထားကြောင်း ယခုဆုံးဖြတ်ချက်မှာ ထိုကစားသမား ၂ ဦးအတွက် ခက်ခဲမှုရှိလာနိုင်သော်လည်း မိမိအနေနှင့် လက်ရွေးစင်အသင်း အထိုင်ကျစေရေးကိုသာ ဦးစားပေးရ မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ပြင်သစ်မှာ ဘယ်လ်ဂျီယံနှင့် ဇွန်လ ၈ ရက်၊ အယ်လ်ဘေးနီးယားနှင့် ဇွန်လ ၁၄ ရက်တို့တွင် ခြေစမ်းမည်ဖြစ်ပြီး ဂျူဗင်တပ်နှင့် ဘာစီလိုနာ ဖိုင်နယ်ပွဲမှာ ဇွန်လ ၆ ရက်နေ့ ဖြစ်သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here