FA Cup News

ဖိုင်နယ်ပွဲလွဲမယ့် ၀ဲလ်ဘက်

May 23 , 2015

အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘက်မှာ အက်စတန်ဗီလာနှင့် ကစားရမည့် FA ဖလား ဗိုလ်လုပွဲကို လွဲချော်မည်ဟု သိရသည်။

ယင်း FA ဗိုလ်လုပွဲကိုလာမည့် မေလ ၃၀ ရက်နေ့တွင် ကစားကြမည်ဖြစ်ပြီး ဒူးဒဏ်ရာရနေသော ၀ဲလ်ဘက်အနေနှင့် ထိုပွဲစဉ်အပြင် အင်္ဂလန်လက်ရွေးစင်အသင်း၏ ပွဲစဉ်များကိုပါ လွဲချော်နိုင်သည်ဟု ဆိုသည်။

ဝဲလ်ဘက်မှာ လွန်ခဲ့သော ဧပြီလ ချဲလ်ဆီးနှင့် ဂိုးမရှိသရေကျသော ပွဲအပြီးမှစ၍ အာဆင်နယ်အတွက် ကစားပေးနိုင်ခြင်းမရှိသေးပဲ မနက်ဖြန်ရာသီသိမ်းပွဲစဉ်ဖြစ်သည့် ၀က်စ်ဘရွန်းနှင့်ပွဲတွင်လည်း ပါဝင်နိုင်မည်မဟုတ်ပေ။

အာဆင်နယ်နည်းပြ ၀င်းဂါးက မိမိအနေနှင့် ၀ဲလ်ဘက်မှာ ဗီလာနှင့်ကစားရမည့် FA ဖိုင်နယ်တွင် ပါနိုင်မည်မဟုတ်ဟု ယူဆထားသကဲ့သို့ အိုင်ယာလန်၊ စလိုဗေးနီးယားတို့နှင့်ကစားရမည့် အင်္ဂလန်၏ ပွဲစဉ်များတွင်လည်းပါဝင်နိုင်ရန်မလွယ်ဟု ယုံကြည်ထားကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here