FA Cup News

အိမ်ပြန်ခွင့်ရတဲ့ အဒီဘာယော

May 23 , 2015

မိသားစုအခက်အခဲကိစ္စများကြောင့် စပါးအသင်းသည် တိုက်စစ်မှူး အဒီဘာယောကို ဇာတိ တိုဂိုနိုင်ငံသို့ ခွင့်ဖြင့်အိမ်ပြန်ခိုင်းလိုက်ပြီဖြစ်သည်။

အဒီဘာယောမှာ ယခင်က သူ၏ဖေ့စ်ဘုတ် စာမျက်နှာတွင် မိသားစုဒုက္ခများကြောင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးစားခဲ့ဘူးကြောင်း ရေးသားထားခဲ့သည်။

မနက်ဖြန် တနင်္ဂနွေနေ့တွင် အဲဗာတန်အသင်းကို ဧည့်ခံရင်း ယူရိုပါလိဂ်ဝင်ခွင့်ရရန် ကြိုးပမ်းရဦးမည် ဖြစ်သည့် စပါးနှင့် ပတ်သက်၍ နည်းပြ ပိုချက်တီနိုက "ကျနော်တို့ ဒီပွဲမှာ နိုင်ထားမှ ဥရောပ၀င်ခွင့်ကို မျှော်လင့်ခွင့်ရမှာပါ။ ဒီလိုအချိန်မှာ အဒီဘာယောကို ဘာလို့ ပြန်ခိုင်းလိုက်တာလဲ..လို့ မေးလာရင်တော့ ဒါဟာ သူ့မိသားစုအရေးပါ။ သူ့ရဲ့ ကိုယ်ပိုင်ဘ၀ကိစ္စအတွက် အရေးကြီးနေချိန်မှာ ကျနော်တို့က နားလည်မှုရှိပေးရမှာပါ။ သူ့သတင်းတွေကြားရတာ ကျနော် စိတ်မကောင်းသလို ဒီအချိန်ဟာ သူ့အတွက် ခက်ခဲတဲ့အချိန်တွေပါ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here