La-liga News

ဟက်ထရစ်ရပြန်သော စီရိုနယ်ဒို

May 25 , 2015

ရီးရဲလ်ကစားသမား စီရိုနယ်ဒိုမှာ ဂီတာဖေးကို ၇း၃ ဖြင့် နိုင်သောပွဲတွင် ဟက်ထရစ်ရခဲ့ပြန်သဖြင့် ယခုရာသီအတွင်း ဟက်ထရစ် ၈ ကြိမ်ရသူအဖြစ် မှတ်တမ်း ၀င်ခဲ့ပြီဖြစ်သည်။

ပရိသတ် ၆၅၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သော ယခုပွဲတွင် စီရိုနယ်ဒိုမှာ ၁၃ မိနစ်၊ ၃၂ မိနစ်၊ ၃၄ မိနစ်တို့တွင် ဂိုးများသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူ၏ ယခုရာသီ ရီးရဲလ်အတွက် လာလီဂါ ဂိုးပေါင်း ၄၈ ဂိုး အထိ သွင်းယူထားနိုင်ပြီဖြစ်ကြောင်း ဥရောပရွှေဖိနပ်ဆု ( ဂိုးသွင်းအများဆုံးဆု) ကိုရရှိရန် သေချာသွားခဲ့သည်။

သူ၏ပြိုင်ဘက်ဖြစ်သော မက်ဆီမှာ ဒီပို့တီဗိုနှင့် ၂ ဂိုးစီသရေကျသောပွဲတွင် ၂ ဂိုး သွင်းယူခဲ့သော်လည်း လာလီဂါဂိုးမှာ ၄၃ ဂိုးသာရှိသဖြင့် စီရိုနယ်ဒိုထက် ၅ ဂိုး လျော့နည်းခဲ့သည်။

စပိန်လာလီဂါပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ အိုင်ဘာအသင်းမှာ ၃၅ မှတ်ဖြင့် ဒီပို့တီဗို၊ ဂရာနာဒါတို့နှင့် အမှတ်တူသော်လည်း တန်းဆင်းသွားရပြီ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here