La-liga News

အသက်အငယ်ဆုံး ရီးရဲလ်ကစားသမား

May 25 , 2015

အသက် ၁၆ နှစ်ကျော်သာရှိသေးသော မာတင်အိုဒီဂတ်သည် ဂီတာဖေးနှင့်ပွဲတွင် စီရိုနယ်ဒိုအစား လူစားဝင်ကစားခွင့်ရပြီးသည့်နောက် ရီးရဲလ်အသင်း၏ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ဂီတောဖေးကို ၇း၃ နှင့် နိုင်ခဲ့သောပွဲတွင် အိုဒီဂတ်မှာ ပွဲချိန် ၅၈ မိနစ်တွင် စီရိုနယ်ဒိုအစား လူစားဝင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် အိုဒီဂတ်၏ အသက်မှာ ၁၆ နှစ် ၅ လနှင့် ၆ ရက်ဖြစ်သည်။

နော်ဝေသား အိုဒီဂတ်မှာ လွန်ခဲ့သော ဇန်န၀ါရီလက ရီးရဲလ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပြောင်းရွေှ့ကြေး ဒေါ်လာ ၃ သန်းနှင့် ၄ သန်း ကြားဟုသိရကာ ယခုရာသီနောက်ဆုံး ပွဲစဉ်တွင်  ၀င်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

ယခင်က ရီးရဲလ်အသင်း၏  အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူမှာ အသက် ၁၇ နှင့် ၆ ရက်သာရှိသေးသည့် လိုဆာဒါဖြစ်ပြီး ၁၉၈၄ ခုနှစ်က ကစားခွင့်ရခဲ့ခြင်းဖြစ်ကာ ရီးရဲလ်မှ အသက်အငယ်ဆုံးနှင့် လာလီဂါ ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သူမှာ အသက် ၁၇ နှစ်နှင့် ၁၁၁ ရက်သာရှိသေးသူ အဲလ်ဘာတို ရီဗီရာဖြစ်ပြီး စကစားခွင့်ရသည့် ပွဲမှာပင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here