World CUp 2014 News

မျှော်လင့်နိုင်ခဲ့သည့် ပေါ်တူဂီ

Jun 23 , 2014

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအား ရယူထားသည့် တိုက်စစ်မှူး ရော်နယ်လ်ဒို ပါဝင်သည့် ပေါ်တူဂီအသင်းသည် အုပ်စု ဒုတိယပွဲစဉ်၌ အမေရိကန်အသင်းအား နောက်မှလိုက်ကစားခဲ့ရပြီး လူစားဝင် တိုက်စစ်ကစားသမား ဗာရယ်လာ၏ ခေါင်းတိုက် သွင်းဂိုးဖြင့် သရေရလဒ်ရယူနိုင်ခဲ့ကာ အုပ်စုအဆင့်မှ လွတ်မြောက်နိုင်ရန်အတွက် မျှော်လင့်ချက်ထားနိုင်ခဲ့ပြီဖြစ်သည်။

ဒမ့်ဆေး၊ ဘရက်ဒလေ ဦးဆောင်လာသည့် အမေရိကန်အသင်း တိုက်စစ်သည် ပေါ်တူဂီနောက်တန်းအား အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ကာ အလုပ်ရှုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ပေါ်တူဂီအသင်းတွင် ရော်နယ်လ်ဒို၊ နာနီ၊ အယ်လ်မေးဒါးလ် ၊ ပေါ့စတီဂါ၊ မော်တင်ဟို စသည့် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲအစ ၅ မိနစ်မှာပင် နာနီ၏ သွင်းဂိုးဖြင့် ပေါ်တူဂီအသင်း ဦးဆောင်နိုင်ခဲ့သည်။

သို့သော် ဒုတိယပိုင်း ၆၄ မိနစ်တွင် အမေရိကန်အသင်းမှ ကွင်းလယ်ကစားသမား ဂျာမိန်းဂျုံး၏ ချေပဂိုးကို ခွင့်ပြုခဲ့ရသလို ၈၁ မိနစ်အရောက်တွင် ဒမ့်ဆေး၏ သွင်းဂိုးကိုပါ ထပ်မံခွင့်ပြုခဲ့ရပြီးနောက် ပေါ်တူဂီအသင်း သရေရလဒ် ရရှိရန် အစွမ်းကုန်ကြိုးစား လာခဲ့ရကာ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၅ မိနစ်အရောက်တွင်မှ ရော်နယ်လ်ဒို၏ ဖြတ်တင်ပေးပို့မှုအား လူစားဝင် တိုက်စစ်ကစားသမား ဗာရယ်လာ ခေါင်းတိုက်သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် တစ်ဖက် ၂ ဂိုးစီ ဖြစ်ခဲ့သည်။ ယခုပွဲရ လဒ်ကြောင့် ပေါ်တူဂီအသင်းသည် အမှတ်ပေးဇယား အောက်ဆုံးနေရာတွင် ရောက်ရှိနေကာ တစ်မှတ်သာ ရရှိထားပြီး နောက် ဆုံးပွဲ တွင် ဂါနာ အသင်းအား ဂိုးပြတ်အနိုင်ရရှိမှသာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။

Phoe Cho




<< Back World CUp 2014 News


Advertisement
Here