La-liga News

အထုတ်ခံရသော အန်ဆလော့တီ

May 26 , 2015

ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် ရီးရဲလ်နည်းပြ အန်ဆလော့တီမှာ ရာထူးမှထုတ်ပယ်ခံခဲ့ရပြီးဖြစ်သည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော အီတလီနိုင်ငံသား အန်ဆလော့တီမှာ လွန်ခဲ့သောရာသီက ရီးရဲလ်ကို ၁၀ ကြိမ်မြောက် ဥရောပဖလား (ချန်ပီယံလိဂ်ဖလား) ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စပိန်ဘုရင့်ဖလားပါရရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်၌ ဆီမီးဖိုင်နယ် အဆင့်နှင့်ကျေနပ်ခဲ့ရကာ လာလီဂါတွင်လည်း ဒုတိယသာရရှိခဲ့သည်။

အန်ဆလော့တီကို ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍ အသင်းဥက္ကဌ ပီရက်ဇ်က "ယခုဆုံးဖြတ်ချက်မှာ လွယ်ကူသောဆုံးဖြတ်ချက် မဟုတ်ကြောင်း၊ အန်ဆလော့တီ မည်သည့်အမှားလုပ်ခဲ့သနည်းဟု မေးလာလျှင် မိမိမသိပါကြောင်း၊ သို့သော် ရီးရဲလ်အသင်း၏ဆန္ဒမှာ အမြင့်မားဆုံးအဆင့်တွင် ရပ်တည်နေရေးဖြစ်ကြောင်း" ပြောဆို သွားခဲ့သည်။

အန်ဆလော့တီမှာ ရလဒ်များဆိုးရွားနေသည့် အသင်းဟောင်း မီလန်ကို ပြန်လည်ကိုင်တွယ်လိမ့်မည်ဟုလည်း သတင်းများ ဆက်လက်ထွက်ပေါ်ခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here