La-liga News

၉၉ % သေချာတဲ့ ဘင်နီတက်ဇ်

May 26 , 2015

နည်းပြ အန်ဆလော့တီကို ထုတ်ပယ်ခဲ့ပြီးနောက် ယင်းနေရာအတွက် နာပိုလီနည်းပြ ဘင်နီတက်ဇ် တာဝန်ယူခွင့်ရရန် ၉၉ % သေချာနေကြောင်း၊ အန်ဆလော့တီ၏ အေးဂျင့် ဘရွန်ဇက်တီက ပြောဆိုလိုက်သည်။

ရီးရဲလ်အသင်းမှာ ယမန်နေ့က အန်ဆလော့တီကို ထုတ်ပယ်ခဲ့ပြီး လာမည့်ရက်များအတွင်း နည်းပြသစ်ခန့်အပ်သွားမည် ဖြစ်သည်။

ရီးရဲလ်အသင်း ဥက္ကဥ ပီရက်ဇ်က မည်သူ့ကို ခန့်အပ်မည်ဆိုသည်ကို ပြောဆိုသွားခြင်းမရှိသော်လည်း စပိန်သား ဘင်နီတက်ဇ်မှာ ထိပ်ဆုံးမှရေပန်းစားနေသူ ဖြစ်သည်။

အေးဂျင့် ဘရွန်းဇက်တီက "ဘင်နီတက်ဇ်ဟာ ရီးရဲလ်နည်းပြနေရာကိုရဖို့ ၉၉ % သေချာပါတယ်။ အန်ဆလော့တီ ထွက်ရပြီးဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရတဲ့ ရီးရဲလ်ကစားသမားတွေ အများကြီးပါ။ ဒါပေမယ့် ဘောလုံးလောကမှာ ဒါဟာ သာမန်ပါပဲ" ဟု ပြောဆိုခဲ့သည်။ ဘင်နီတက်ဇ်မှာ နာပိုလီနှင့်အတူ လွန်ခဲ့သောရာသီက ကိုပါအီတာလျံဖလားကိုရခဲ့သော်လည်း ယခုရာသီတွင် အခွင့်အရေးများနှင့် လွဲချော်ကာ လက်ရှိတစ်ပွဲကျန် စီးရီးအေတွင် ယူရိုပါလိဂ်ဝင်ခွင့် အဆင့် ၄ တွင်သာ ရပ်တည်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here